Powered By Blogger

Wednesday, October 13, 2010

ငြိမ်းချမ်းရေးတိုက်ပွဲ….

အေးအေးငြိမ့်စိမ်းရေစီးတဲ့မြကန်
တိုးတိုးလေးဖွဲ့ဆိုတေးချင်းတပုဒ်ကို
မှေးစက်မယ့်ဆိတ်ငြိမ်ညတို့ရှိစေ
နီတဲ့သွေးရဲရင့်လို့ ခြေကိုလှမ်းရှေ့ကိုချီတက်ခဲ့ပြီ

ရင်းထားတဲ့အသက်တွေအစားထိုးမပေးလို
ကိုယ့်ဘက်ကအလှည့်ကိုရောက်မှမနွဲ့သာ
စိုက်ခဲ့သမျှတို့ရိတ်သိမ်းရတော့မယ်
အခါတန်ပြီ လက်မလျှော့နဲ့ မကြေတဲ့အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ

မိုးမခပင်တွေ တို့သက်သေတည်
စိမ်းရင့်သောအေးမြကန်သာမြေ
ရိုးမတောင်ခြေ နေရောင်မခတဲ့တောင်တွေ ငြိမ်းချမ်းစေ

စိုးစဉ်းမျှစိုးရိမ်ကြောက်စိတ်မရှိတယ်
ခင်းထားတဲ့လမ်းဟာတို့ရဲ့သစ္စာ
ငြိမ်းချမ်းရေးအတွက်တိုက်ပွဲရှိရမယ်
နီတဲ့သွေးရဲရင့်လို့ ရန်သူမင်းရှေ့ကိုချီတက်ခဲ့ပြီ

မိုးမခပင်တွေ တို့သက်သေတည်
စိမ်းရင့်သောအေးမြကန်သာမြေ
(ရိုးမတောင်ခြေ နေရောင်မခတဲ့တောင်တွေ ငြိမ်းချမ်းစေ)၎

ဒီသီချင်းလေးက မိုးဖြူအကြိက်ဆုံးသီချင်းတပုဒ်ဖြစ်ပါတယ်.. မူရင်း မွန်းအောင်/ခင်မောင်တိုးသီချင်း လွန်ခဲ့သောနေ့ဆိုတဲ့သီချင်းလေးကို ပြန်ပြီး စာသားလေးတွေပြောင်းထားတာပါ… မိုးဖြူကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တွေ.. စွန်လွှတ်ခဲ့ရတဲ့ သူငယ်ချင်းတွေ… အဝေးကြီးကိုရောက်နေပြီဖြစ်တဲ့ သူငယ်ချင်းတွေကို ဒီသီချင်းလေးနားထောင်မိတိုင်း လွမ်းရ နာကျင်ရ ငိုခဲ့ရပါတယ်… ကိုမွန်းအောင်ကတော့ အေးမြကန်သာ ကို အင်းလျားကိုယ်စားပြုပြီးဖွဲ့ဆိုခဲ့တယ်ထင်ပါရဲ့… တောထဲကသူငယ်ချင်းတွေအတွက်ကတော့ အေးမြကန်သာ ဘယ်မှာရှိရှာမှာပါလိမ့်… တချိန်ကတက္ကသိုလ် ပျော်ရွှင်ရက်တွေကိုလွမ်းမိရင်း… ဘဝကိုသာယာတယ်ထင်မိတိုင်း… ကိုယ့်ကိုကိုယ် လိပ်ပြာသိပ်မလုံချင်ဖြစ်မိတယ်… တောင်ငူဆောင်ကိုအလွမ်းပြေသွားတယ်… ဦးချစ်ဆိုင်မှာ အလွမ်းပြေထိုင်တယ်… လစ်ဟာမှုတွေအတွက် အဝေးကသူငယ်ချင်းတွေရှိရာဒေသတွေဆီမှာရှိတဲ့ မိုးမခပင်တွေမှာလဲ သက်သေထူချင်သားနော်……

ရဲရင့်သော ချစ်သောသူငယ်ချင်များအားလွမ်းမောခြင်းဖြင့်

No comments:

Post a Comment